စာရေးသူ

အားလုံးမြင်နိုင်ရန်
Keila Ochoa

ကီလာ အိုခၽြာ

ကီလာအိုချွာ သည် ခင်ပွန်း၊ ကလေးနှစ်ဦးတို့နှင့် အတူ မက်စီကိုနိုင်ငံတွင် နေထိုင်ပါသည်။ ဆရာမ Keila သည် Media Associates International မှ ကမ္ဘာတစ်ဝှမ်း၌ ဦးဆောင် ကျင်းပသည့် သင်တန်းပို့ချခြင်း သာသနာလုပ်ငန်းတွင် ကူညီ အစေခံလျက်ရှိပြီး စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သည်။

စာမူ/ အကြောင်းအရာ များ ကီလာ အိုခၽြာ

မဆန်းပါ

‘‘သူက ပြောစရာမရှိပါဘူး။ မင်းနဲ့သင့်တော်ပါတယ်’’ ဟု ကျွန်မသူငယ်ချင်းက ကျွန်မကို
ပြောသည်။ ယခုလေးတင် ဆုံတွေ့ခဲ့သည့် အမျိုးသားတစ်ဦးအကြောင်းကို သူပြောနေ ခြင်းပါ။ သူ၏ ကြင်နာသောမျက်လုံးများ၊ ကြင်နာသောအပြုံးနှင့် ကြင်နာသော နှလုံးသား အကြောင်းကို ကျွန်မအား ပြောပြသည်။ ကျွန်မ ထိုအမျိုးသားကို တွေ့သောအခါ သူငယ်ချင်းပြောသည့်အတိုင်း သဘောကျပါသည်။ ထိုသူ သည် ယခုတွင် ကျွန်မ၏ခင်ပွန်းဖြစ်နေပြီး ကျွန်မသူ့ကို ချစ်သည်မှာလည်း မဆန်းပါ။
ရှောလမုန်သီချင်း၌ သတို့သမီးက သူမ၏ချစ်သူ အကြောင်း ဖော်ပြထားသည်။ သူ့မေတ္တာသည် စပျစ်ရည် ထက်သာ၍ ကောင်းပြီး နံ့သာဆီထက်ပို၍ မွေးကြိုင်ကြောင်း၊ သူ့နာမည်သည် ကမ္ဘာပေါ်ရှိ အခြားအရာများထက် ချိုမြိန်ကြောင်း ပြောထားသည်။ ထို့ကြောင့် သူ့ကို ချစ်သည်မှာ အံ့ဩစရာမဟုတ်ပါဟု နိဂုံးချုပ်ထားသည်။
သို့သော် ကမ္ဘာပေါ်ရှိ ချစ်စရာကောင်းသူ အားလုံးထက် ပို၍ ကြီးမြတ်သူ၊ သူ၏ချစ်ခြင်းသည်လည်း…

ဘုရား၏အကြံအစည်

စစ်တပ်အရာရှိတစ်ဦး၌ စစ်ဆင်ရေးအတွက် အလုံးစုံကိုကြံစည် စီစဉ်ထားပြီးသားဖြစ်မည်။ သို့သော် တိုက်ပွဲမ၀င်ခင်တွင် ညွှန်ကြားချက်အသစ်လက်ခံရန်၊ ညွှန်ကြားချက်အသစ်ကို ထုတ်ပြန်ရန် အကြောင်းရှိသည်။ ဣသရေလလူတို့၏ခေါင်းဆောင် ယောရှုသည်
ဤအချက်ကို သင်ယူခဲ့သည်။ ဘုရားသခင်၏လူမျိုးတော်တို့သည် ကန္တာရထဲတွင် နှစ်ပေါင်း (၄၀) လှည့်လည်ခဲ့ပြီးနောက် ကတိထားရာပြည်သို့ ၎င်းတို့ကို ဦးဆောင်ခေါ်သွားရန် ယောရှုကို ဘုရားသခင် ရွေးချယ်ခဲ့သည်။
သူတို့ ပထမဦးဆုံး ရင်ဆိုင်ရသည့် အတားအဆီး ကြီးမှာ ယေရိခေါမြို့ကြီးဖြစ်သည်။ တိုက်ပွဲမစမီတွင် ‘‘ထာဝရ
ဘုရား၏ဗိုလ်ခြေကိုအုပ်စိုးသော ဗိုလ်မှူး’’ (ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်နိုင်၏) သည် ဓားကိုဓားအိမ်မှ ထုတ်ကာ သူနှင့်မျက်နှာချင်းဆိုင် ရပ်လျက်နေသည်ကို ယောရှု တွေ့ရှိခဲ့သည်။ ယောရှုသည် မြေပေါ်တွင် ပြပ်ဝပ်လျက် ကိုးကွယ်တော်မူ၏။ တစ်နည်းဆိုရလျှင် သူသည် ဘုရားသခင်၏ကြီးမြတ်ခြင်းကို သိမှတ်ဝန်ခံပြီး မိမိ၏ သေးသိမ်နုံချာမှုကို ၀န်ခံခြင်းဖြစ်သည်။ ထို့နောက် သူက ‘‘ကိုယ်တော်ကျွန်အား အဘယ်သို့…

ကလေးငယ်၏ခြေလှမ်းများ

ကျွန်မသမီးလေး လမ်းလျှောက်သင်နေသည်။ သူ့ကို ကိုင်ထားရပြီး သူ့ခြေမခိုင်သေး၍
သူက ကျွန်မလက်ချောင်းကို ဆုပ်ကိုင်တွယ်ထားသည်။ သူချော်ကျမှာ စိုးကြောက်
နေသော်လည်း ကျွန်မက သူ့ကို ထိန်းပေးနေပြီး သူ့ကို စောင့်ကြည့်နေသည်။ ကျွန်မ၏
အကူအညီဖြင့် သူလမ်းလျှောက်ရင်း သူ့မျက်လုံး၌ ကျေးဇူးတင်သော၊ ပျော်ရွှင်သော၊
စိတ်ချလုံခြုံမှုရှိသော အကြည့်များဖြင့် တောက်ပနေသည်။
သို့သော် အန္တရာယ်ရှိသောလမ်းသို့ ကျွန်မ ပေးမသွားလျှင်၊
သူ့ကို မထိခိုက်အောင် ကာကွယ်ခြင်းဖြစ်ကြောင်း မသိဘဲ
ငိုတတ်သည်။
ကျွန်မတို့၏ ၀ိညာဉ်ရေးရာ လျှောက်လှမ်းမှုတွင်
ကျွန်မ သမီးလေးကဲ့သို့ ကျွန်မတို့ကို စောင့်ကြည့်နေမည့်သူ၊
လမ်းပြမည့်သူ၊ ထိန်းပေးမည့်သူ တစ်စုံတစ်ဦးကို လိုအပ်
သည်။ ကျွန်မတို့အတွက် ထိုကဲ့သို့သောသူတစ်ဦးရှိပါသည်။ အဘဘုရားသခင်သည်
သူ့သားသမီးများ ဘ၀ခရီးကို လျှောက်လှမ်းတတ်အောင် မစသည်။ ကျွန်မတို့၏
ခြေလှမ်းများကို ထိန်းကျောင်းပဲ့ပြင်ပေးသည်။ ကျွန်မတို့၏လက်ကို ကိုင်ထားပြီး မှန်သော
လမ်း၌…

အနားမှာ ရှိနေပေးပါ

ကျွန်မသူငယ်ချင်းသည် သူ့ဘ၀နှင့်မိသားစုတွင် ကြမ်းတမ်းသော စိန်ခေါ်မှုများနှင့်
ရင်ဆိုင်ခဲ့ရသည်။ `ဘာလုပ်လို့ ၊ ဘာကိုင်ပေးရမှန်း မသိဘူး´ ဟုသူ့ကို ပြောသောအခါ
ကျွန်မကို ကြည့်ပြီး ‘‘ငါ့အနားမှာပဲ ရှိနေပေးပါ’’ ဟု ပြောခဲ့သည်။ ကျွန်မလည်း
သူပြောသည့်အတိုင်း ရှိနေပေးပြီး နောက်ပိုင်းတွင် ဘုရား၏ ချစ်ခြင်းမေတ္တာအကြောင်းကို
စတင်ပြောဖြစ်ခဲ့ကြသည်။
သူတစ်ပါး ၀မ်းနည်းကြေကွဲသောအခါ အကြိမ်ပေါင်း
များစွာ မည်သို့ တုံ့ပြန်ရမှန်းမသိဖြစ်ရသည်။ ထိုမျှမက ထို
အချိန်၌ ပြောသောစကားများမှာလည်း နှစ်သိမ့်စေခြင်းထက်
နာကျင်မှုကို ဖြစ်စေပြန်သည်။ သူတစ်ပါးကို ကူညီအစေခံ
ရာ၌ သူတို့အပေါ် စာနာနားလည်ပေးမှုနှင့် သူတို့ဘာလိုအပ်
သည်ကိုသိရန် လိုအပ်ပါသည်။ တစ်ခါတစ်ရံ ၎င်းတို့ အမှန်
တကယ် လိုအပ်သောအရာများကို ဖြည့်ဆည်းပေးခြင်းဖြင့်
ကူညီနိုင်ပါသည်။ သို့သော် သူတို့ကို ခွန်အားပေးနိုင်မည့်
အကောင်းဆုံးနည်းလမ်းမှာ နာကျင်ခံစားသူတို့အနီးတွင် ထိုင်ပေးပြီး သူတို့ပြောသမျှကို
နားထောင်ပေးခြင်းဖြစ်သည်။…